ရင်ခုန်ခြင်းဆိုတာ အိမ်မက်တစ်ခုဆို
မင်းအတွက်နဲ့ ငါဖက်တွယ်မိမယ်
ချစ်သူ…………….
လွမ်းမောခြင်းဆိုတာ
ခါးသီးတဲ့အရာဖြစ်ပေမယ့်
မင်းအတွက်ကြောင့် ငါပျော်ဝင်မိမယ်
ချစ်သူ……………….
ဘ၀မှာ ဒဏ်ရာတွေဘဲရခဲ့ဘူးတဲ့
ဒီရင်ထဲက ငါ့နှလုံးကို
မင်းအချစ်နဲ့ ရှင်သန်စေမှာလား
ကျရှုံးစေမှာလား
ချစ်သူ……………
ထားခဲ့မယ်ဆိုရင်လည်း
အချက်လေးတော့ ပြခဲ့ပေါ့
ခံနိုင်ရည်ရှိအောင်
ကြိုးစားဖို့သက်သက်ပါဘဲ
ချစ်သူ………………………
ရောင်ဝါ
No comments:
Post a Comment