ဗေထိ ဆိုတာနဲ့
တေမိဇာတ်ကို က ရမတဲ့
ဟုတ်မှလည်းလုပ်ပါ ဇာတ်ဆရာရယ် ….
ဖလင်မပါတဲ့ ကင်မရာတွေကြားမှာ
တမင်ကလာ သရုပ်ဆောင်ရင်း
ရှုခင်းတွေကို နှမျှောလာတယ် ….
ပြောစရာပါမရပေမယ့်
ရောဂါရှာကြသူတွေရဲ့အလယ်
ယောင်လည်လည်ဖြစ်သန်း
မျက်ကန်းတွေကိုပြတဲ့ပွဲပေါ့ ….
ဆေးရုံကြီးမှာ
ကလေးဗုံတီးတဲ့ ပါးစပ်ဆိုင်းကို
စိတ်ထင်တိုင်း လှုပ်ရှားရင်း
ခင်းကြင်းထားတဲ့ပွဲတစ်ခုပါ ….
လက်ခုပ်သံကွဲအက်အက်
ငါ့မျက်နှာပေါ်ကျအလာ
သရုပ်ဆောင်တာညံ့သွားမှန်း
ဇာတ်ပေါင်းခန်းမှသိတယ် ….
စစ္စလီ
No comments:
Post a Comment