Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...

Sunday, 10 June 2012

♥...ကကြိုးပျောက်တဲ့ ည ...♥

❤ OSC@R ❤ | 19:00 | Best Blogger Tips
သရေလည်းမကျ
အဖြေလည်မရနဲ့
ဝေခွဲမရတဲ့ဇာတ်
အဆုံးမသတ်နိုင်တဲ့အခါ ….

ညလည်းနက်လို့
ဇာတ်ကွက်တွေလည်းထပ်
ပုရိသတ်ဆဲစရာဖြစ်လာပြီ ….

သရုပ်ဆောင်တွေလည်း
အချုပ်ထောင်တွေထဲကလူလို
လုပ်ချင်ရာကိုမြိုသိပ်
မီးမှိတ်မယ့်အချိန်ကိုမျှော်နေလေရဲ့ ….
ဆိုင်းသံတွေမှာလည်း
လှိုင်းထန်ရာကငြိမ်သက်
ကကြိုးပျက်အောင်လုပ်နေသလို
သီဆိုမှုကလည်း အသက်မပါတော့ ….

ဒီတော့လည်းလေ
တာဝန်ကျေဖျော်ဖြေမှုမှာ
ဟန်ပါပါသရုပ်ဆောင်ခဲ့ရင်း
မနက်လင်းထိစောင့်လိုက်ဦးစို့ ….

စစ္စလီ

No comments:

Post a Comment